မိမိကိုယ်ကို သတိပေးခြင်း [မြင့်မြင့်ခင်{Golden Ideas}]

မြင့်မြင့်ခင်

မိမိကိုယ်ကို သတိပေးခြင်း [မြင့်မြင့်ခင်{Golden Ideas}]

15000 MMK
Out of stock
Publisher
ISBN
Pages
142
Wishlist View cart

"အခြားသူတွေကို မေ့တာထက် ပိုကြောက်ဖို့ကောင်းတာက ကိုယ့်ကိုယ်ကိုယ် မေ့နေတာပါပဲ"


နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေ၊ အလုပ်အကိုင်နဲ့ မိသားစုအရေးတွေကြားမှာ သင့်ကိုယ်သင် လျစ်လျူရှုထားမိသလား။ တစ်ခါတလေမှာ ကျွန်မတို့ဟာ နေ့ရက်တွေကို ရည်ရွယ်ချက်မရှိဘဲ ‘ဖြစ်သလို’ ဖြတ်သန်းနေမိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သင့်စိတ်ကို ပြန်လည်နိုးထစေပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်နိုင်ဖို့အရေးကြီးပါတယ်။

"Remind Your Self (မိမိကိုယ်ကို သတိပေးခြင်း)" စာအုပ်ဟာ ခက်ခဲနက်နဲတဲ့ အတွေးအခေါ်တွေထက် ဘဝကို အေးအေးဆေးဆေးနဲ့ မှန်မှန်ကန်ကန် ရှေ့ဆက်နိုင်မယ့် "လက်တွေ့ကျတဲ့ သတိပေးချက်တွေ" ကိုပဲ အလေးပေးထားပါတယ်။ ဒီစာအုပ်က သင့်ကို ဘာတွေ ပြောင်းလဲပေးနိုင်မလဲ?


✅ စိတ်ကို အနားပေးတတ်လာမယ် - သတိပေးချက်(၁၀၀ )က သင့်ကို လောဘ၊ ဒေါသ၊ မောဟတွေကြားကနေ ခဏလောက် ရုန်းထွက်ပြီး စိတ်အေးချမ်းမှုကို ရှာဖွေတတ်အောင် လမ်းပြပေးမှာပါ။


✅ ကိုယ့်အနားကလူတွေကို ပိုနားလည်တတ်လာမယ် - "မိသားစုဆိုတာ "အိမ်"ဆိုတာထက် စိတ်အေးချမ်းရာနေရာ ဖြစ်လာပါလိမ့်မယ်" ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ အနီးစပ်ဆုံးလူတွေနဲ့ ဘယ်လို နားလည်မှု တည်ဆောက်ရမလဲဆိုတာကို သိမြင်လာပါလိမ့်မယ်။


✅ လူငယ်တွေအတွက် ဘဝလမ်းညွှန်ဖြစ်မယ် - ကျောင်းသားတွေ၊ လူငယ်တွေအတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ Action Steps တွေနဲ့ သေချာ လမ်းညွှန်ပေးထားပါတယ်။


ဒီစာအုပ်ထဲမှာ စိတ်ဖိစီးမှု လျှော့ချနည်း၊ ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်ကအစ မိသားစုဆက်ဆံရေးအထိ နေ့စဉ်လိုက်နာနိုင်တဲ့နည်းလမ်းတွေကို ဖတ်ရှုရမှာ့ဖြစ်သလို တစ်ဆင့်ချင်း လိုက်လုပ်လို့ရတဲ့ Action Steps (၅၀) ပါဝင်လို့ သင့်ဘဝမှာ သိသိသာသာ ပြောင်းလဲမှုကို ခံစားရမှာပါ။


◾ မိမိကိုယ်ကို သတိပေးခြင်း (Remind Yourself)

◾ မြင့်မြင့်ခင် (Golden Ideas)

◾ စာမျက်နှာ -၁၄၂

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.